ပါရမီ အင်္ဂလိပ်ဘာသာ သင်တန်းကျောင်းတွင် အင်္ဂလိပ်ဘာသာကို အခြေခံအဆင့်မှ စတင်ကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် နိုင်ငံခြားတက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် အဆင့်မြင့်အထိ သံဃာတော်များ၊ သီလရှင်များနှင့် ကျောင်းသား/သူများအား သင်ကြားပေးလျက်ရှိပါသည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ၊ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအား အခြေခံစနစ်မှ စ၍ နည်းမှန်လမ်းမှန်ဖြင့် သင်ကြားပေးကာ ဘဝတစ်လျှောက်လုံး အင်္ဂလိပ်ဘာသာကို မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပေးပါသည်။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေးကို တက်ရောက်နေသော ကလေးငယ်များအားလုံးအတွက် Speaking, Writing, Listening, Reading, Thinking Skills များအပြင် Phonetics (အသံထွက်)၊ Grammar၊ Pair-talking၊ Talk-show လှုပ်ရှားမှုများကို ထည့်သွင်းပြီး အပြင်လောကတွင် လက်တွေ့အသုံးချနိုင်အောင် သင်တန်းအတွင်း လေ့ကျင့်သင်ကြား စီမံပေးလျက်ရှိပါသည်။ ထိုသို့သော Training သင်တန်းများကို စနစ်တကျ ထိရောက်စွာ သင်ကြားပို့ချပေးလျက်ရှိပါသည်။...
သံဃာတော်၊ သီလရှင်များ ကျောင်းသား/သူများအားလုံးအတွက် grammar free classများကိုလည်း မကြာခဏ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
တည်ထောင်သူ ဆရာတော် ဦးအဂ္ဂ (တောင်ငူ) ၂၀၀၁ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာ ပညာရေးကို စနစ်တကျ သင်ကြားပေးလာသော ဆရာတော်ဖြစ်ပြီး နိုင်ငံအတွင်း၊ နိုင်ငံပြင်ပ ပညာရေးအတွက် အခြေခံခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကျောင်းကို တည်ထောင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ပါရမီသင်တန်းကျောင်း ကို ဆရာတော် ဦးအဂ္ဂ (တောင်ငူ) မှ တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှစတင်ကာ ယနေ့အထိ ဆရာတော်ကိုယ်တိုင် ဦးစီးသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် တက်သစ်စ လူငယ် ဆရာ၊ ဆရာမများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းကျောင်းမှ ဆရာတော်လက်ထွက် အရည်အချင်းပြည့်မီသော အတွေ့အကြုံရင့် ဆရာ၊ ဆရာမများ၏ ပံ့ပိုးကူညီမှုနှင့်အတူ စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။ ထိုသို့သော ခိုင်မာသည့် အခြေခံအင်အားနှင့် အစဉ်အလာကြိုးပမ်းအားထုတ်မှုများကြောင့် သင်တန်းကျောင်းသည် ယနေ့အချိန်ထိ ရပ်တည်တိုးတက်လာနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ပညာရေးအတွေ့အကြုံ ၂၅ နှစ်ကျော် ကို ဆက်လက်လျှောက်လှမ်းလျက်ရှိပါသည်။း...
ပါရမီ အင်္ဂလိပ်စကားပြော သင်တန်းကျောင်း မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် — Basic Training Class (လူကိုယ်တိုင် / Online) ဆရာ ဦးအဂ္ဂ ရေးသားသည့် English Speaking for Everyone (စာအုပ်ဖြင့်) Intermediate Class (လူကိုယ်တိုင် / Online) ဆရာ ဦးအဂ္ဂ ရေးသားသည့် English Speaking for Everyone (စာအုပ်ဖြင့်) Advanced Class (လူကိုယ်တိုင်သာ) ဘဝတစ်လျှောက်လုံး အခမဲ့ သံဃာတော်များ၊ သီလရှင် ဆရာလေးများအတွက် အခြေခံအဆင့် A, B, C, D မှစ၍ သင်ကြားပေးသော အတန်းများ နွေရာသီ ကလေးသင်တန်းများ Grammar သင်တန်းများ (Understanding and Using English Grammar, High School English Grammar, Basic / Intermediate / Advanced Grammar in Use by Raymond Murphy, A Practical English Grammar by A. J. Thomson & A. V. Martinet, Grammar Spectrum 1, 2, 3 by Ken Paterson, ဆရာကြီး ဦးစိုးမြင့်၏ လက်တွေ့ အင်္ဂလိပ်သဒ္ဒါ, Essential Grammar in Use, High School English Grammar and Composition by Wren & Martin, Idioms for You by U Agga, Essential Idioms in English by Robert J. Dixson, A Guide to Patterns in English by A. S. Hornby) Phonetics (အသံထွက်) သင်တန်းများ English to English Dictionary အသုံးပြုနည်း သင်တန်း ဓမ္မပဒ (DHAMMAPADA) ဒေါ်မြတင် (M.A.) ဘာသာပြန် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ (Basic / Higher Level, အတွဲ ၁၊ ၂) ...

The Best Questions

Idioms for You

English Speaking for Everyone

Phonetics လေ့ကျင့်ခန်းများ
Basic Training Class နှင့် Intermediate Class အတွက် English Speaking for Everyon စာအုပ်ဖြင့် ပို့ချပါမည်။
၎င်း သင်တန်းများကို အွန်လိုင်းမှလည်း ပို့ချပေးသွားမည်ဖြစ်သည်။
ဇောတိကာရုံ၊ပါရမီသင်တန်းကျောင်း၊ အမှတ်(၃)ဝိုင်း၊ပါရမီလမ်း၊ဘေလီတံတားအနီး၊ ပင်းယမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 095351035,
09775351035, paramionlineclass@gmail.com,
Mail: info@paramienglishclass.com, Website: www.paramienglishclass.com,